တက္ကဆပ်ပြည်နယ် အနောက်ဖက်က မြို့တစ်မြို့က ဓါတ်မြေသြဇာ စက်ရုံပေါက်ကွဲမှုကြောင့် လူနှစ်ယောက် သေဆုံးပြီးတော့ ၁၅၀ထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။ ကြီးမားပြင်းထန်တဲ့ ပေါက်ကွဲမှုကြီးအပြီးမှာ ဒါဇင်ပေါင်းများစွာသော အိမ်တွေပြိုကျ ပျက်စီးခဲ့ပါတယ်။ အဆိုပါနေရာ ပတ်ဝန်းကျင်ကတော့ လူ၂၈၀၀ လောက် နေထိုင်ကြတဲ့ နေရာတစ်ခုလို့ မြို့တော်ဝန်က ဆိုပါတယ်။
တက္ကဆပ် အနောက်ဘက် မြို့တော်ဝန် Tommy Muska ကတော့ ဒီပေါက်ကွဲမှုဟာ နူကလိယဗုံးပေါက်သလိုလို့တောင် ပြောကြားခဲ့ပါသေးတယ်။ ကောင်းကင်မှာ မီးလုံး (မီးခိုးလုံး) ကြီးက မှိုပွင့်သဏ္ဍန် ထွက်ပေါ်လာခဲ့တယ်လို သူကဆိုပါတယ်။ ဗုဒ္ဓဟူးနေ့ညဘက် ဖြစ်ပွားခဲ့တဲ့ ဒီပေါက်ကွဲမှုဟာ မိုင် ၅၀ အဝေးက လူနေအိမ်တွေကတောင်မှ မြေကြီး တုန်လှုပ်သွားတာကို ခံစားသိရတယ်လို့ ဆိုပါတယ်။ United States Geological Survey ရဲ့ တိုင်းတာမှုတွေအရ Magnitude ၂.၁ အဆင့်ရှိတဲ့ လှုပ်ရှားမှုကြီး ဖြစ်သွားတယ်လို့ ဆိုပါတယ်။
မြို့ရဲ့ အရေးပေါ် စီမံခန့်ခွဲရေး စနစ်ရဲ့ အုပ်ချုပ်မှု ဒါရိုက်တာ Dr. George Smith ကတော့ အခြေအနေဟာ စိုးရိမ်စရာကောင်းပြီးတော့ သေဆုံးသူတွေဟာ ၆၀ ကနေ ၇၀ အထိ တိုးလားနေတယ်လို့ ဆိုပါတယ်။ သေဆုံးသူတွေထဲမယ် မီးသတ်သမားတွေလဲ ပါဝင်တယ်လို့ ပြောကြားလိုက်ပြီးတော့ မီးသတ်သမား သုံးဦးထက်မနည်း သေဆုံးခဲ့ကြောင်း အတည်ပြုနိုင်ပြီလို့ ပြောပါတယ်။
မီးလောက်ပေါက်ကွဲခဲ့တဲ့ စက်ရုံဟာ လူနေတိုက်ခန်းတွဲတစ်ခု၊၊ လူအိုရုံတစ်ခုနဲ့ အလယ်တန်းကျောင်း တစ်ခုအနားမှာ တည်ရှိတာဖြစ်ပြီးတော့ ဒီပေါက်ကွဲမှုဟာ အတော်ကို ကြီးမားပြင်းထန်ပြီး ဆိုးရွာလှတယ်လို့ မျက်မြင်သက်သေတွေက ပြောကြပါတယ်။ ပေါက်ကွဲမှုကြောင့် လူနေတိုက်ခန်းတွဲရဲ့ အခန်းငါးဆယ်လောက်က မှန်တွေနဲ့ နံရံတွေ ပျက်စီးပြိုကျသွားခဲ့တယ် လို့ အဆိုပါ မျက်မြင်သက်သေက ပြောကြားခဲ့ပါတယ်။
ပေါက်ကွဲမှု ဖြစ်ပြီးချက်ချင်း လူ ၁၃၃ယောက်နဲ့ လူအိုရုံကို ဘေးလွတ်ရာကို ချက်ချင်းရွှေ့ပြောင်းပေးနိုင်ခဲ့ပါတယ်။ သေဆုံးကြသူတွေနဲ့ ဒဏ်ရာရသူတွေကိုလဲ အရေးပေါ် ကူညီကယ်ဆယ်မှုတွေ လုပ်နေကြပါတယ်။ ပေါက်ကွဲမှုကြောင့် သေဆုံးဒဏ်ရာရတာတွေအပြင် ကူညီကယ်ဆယ်ရေးနဲ့ မီးလောင်မှုကို ထိန်းချုပ်ငြိမ်းသတ်ရာမှာ ပါဝင်ကြတဲ့ မီးသတ်တွေနဲ့ စေတနာ့ဝန်ထမ်းတွေလဲ ပါဝင်ကြောင်း ကြားသိရပါတယ်။ ဓါတ်မြေသြဇာ စက်ရုံဖြစ်တာကြောင့် မီးလောင်နိုင်တဲ့ ဓါတုပစ္စည်းတွေအပေါ် ရေဖြန်းငြိမ်းသတ်မိလို့ နောက်ထပ်ပေါက်ကွဲမှုတွေ ထပ်မံဖြစ်ပေါ်ခဲ့တာလို့လဲ ဆိုကြပါတယ်။
REF: CNN
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment