Powered by Blogger.

About

တက္ကဆက်ပြည်နယ်မှာ ပေါက်ကွဲမှုဖြစ် လူ အတော်များများ ထိခိုက် သေဆုံး


အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် ဝေကိုမြို့ အနီးက ဓာတ်မြေသြဇာ စက်ရုံမှာ ပေါက်ကွဲမှုကြီး တခုဖြစ်ပွားခဲ့ရာ လူတော်များများ ထိခိုက် ဒဏ်ရာ ရရှိသွားပြီး သေဆုံးသူ အရေ အတွက်ကိုတော့ မသိရသေးပါ။

ဒေသ အချိန် ည ၈ နာရီလောက်မှာ အနောက်ဖက် ဓာတ်မြေသြဇာ စက်ရုံမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့နောက် ဒါဇင်နဲ့ချီတဲ့ အဆောက်အဦးတွေ အိမ်တွေ ပျက်ဆီးကုန်ပြီး၊ အတော်များများလည်း ဆက်လက်မီးလောင်နေဆဲဖြစ်ပါတယ်။

တချို့လူတွေဟာ အဆောက်အဦးတွေကြားမှာ ပိတ်မိနေဆဲလို့ ယူဆရပြီး၊ ပျောက်ဆုံးနေတဲ့ မီးသတ်သမား တွေရှိတယ်လို့လည်း သတင်းတွေကဆိုပါတယ်။

စက်ရုံမှာ အမိုးနီးယား ဓာတ်မြေသြဇာခြောက် တန်ချိန် ၂၀ လောက် ရှိခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။
BBC Burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

No comments :

Post a Comment

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ