Saturday, April 20, 2013
ဝိုင်းမော်၊ ဧပြီ ၂ဝ။
ဧပြီလ အတွင်း မြန်မာပြည်အောက်ပိုင်းမှ တရုတ်နယ်စပ်သို့ တရားမဝင်တင်ပို့သော ကျွဲ၊ နွား
အကောင်(၂ဝဝ)ကျော် ဖမ်းဆီးထားကြောင်း ဝိုင်းမော်မြို့နယ် ရဲစခန်းမှ စခန်းမှူး ရဲအုပ်ကျော်ဝင်းက
ပြောကြားသည်။
“ဒီတရားမ၀င် တင်ပို့မယ့် ကျွဲ၊ နွားတွေကို နယ်မြေရဲဌာနကကော ပြည်နယ်နဲ့ ခရိုင်ဌာနကပါ ဖမ်းဆီးတာတွေ လုပ်နေတာပါ၊ ဖမ်းမိတဲ့သူတွေကလည်း ဒီနယ်က မဟုတ်ဘူး၊ အောက်ပိုင်းသားတွေ၊ သူတို့ကအောက်ပိုင်းနယ်စုံက ကျွဲနွားတွေကို စုပြီး အခုလိုမျိုး တရုတ်နယ်စပ်ကို တင်ပို့ဖို့ လုပ်နေတာ”ဟု ၎င်းက ပြောကြားသည်။
ဧပြီလအတွင်း ကျွဲ၊ နွားများကို (၆)ကြိမ် တိုင် ဖမ်းဆီးရမိခြင်းဖြစ်ပြီး သယ်ဆောင်လာသူ ၉ ဦးကိုလည်း
ဖမ်းဆီးထားကြောင်း သိရသည်။
ဖမ်းဆီးထားသူများကို လာမည့် ဧပြီလ (၂၂)ရက်နေ့ မနက်(၉)နာရီအချိန်တွင် ဝိုင်းမော်မြို့ တရားရုံး၌
ပုဒ်မ(၅)ဖြင့် တရားစွဲဆိုသွားမည် ဖြစ်ကြောင်း သိရသည်။
ကျွဲ၊ နွားများ တရားမဝင် နယ်စပ်သို့ တင်ပို့သူများအား တရုတ်နယ်စပ်သို့သွားရာ ကန်ပိုင်တီ လမ်းကြောင်း၌ ပြည်နယ်နှင့် ခရိုင်ဌာနတို့မှ ဖမ်းဆီးမိခြင်းဖြစ်ကြောင်း ဝိုင်းမော်မြို့နယ် ရဲစခန်းမှ
သိရသည်။
TMA
မြန်မာ့ခေတ်
တရုတ် ပြည်ပို့မည့် ကျွဲ၊ နွား အကောင် ၂၀၀ ကျော် ဖမ်းမိ
Labels:
ပြည်တွင်းသတင်း
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment