Powered by Blogger.

About

ရှေ့အပတ်ကျင်းပမယ့် မက်ဒရစ် မာရသွန်အတွက် စာရင်းပေးသူ များပြား

အမေရိကန်ပြည်ထောင်စု ဘော်စတွန် မာရသွန်ပွဲမှာ ဗုံးခွဲမှုတွေ ဖြစ်ပွားခဲ့ပြီးနောက် ရှေ့အပတ် စပိန်မှာ ကျင်းပမယ့် မက်ဒရစ်မြို့ မာရသွန် အပြေးပြိုင်ပွဲ မှာ ပါဝင်ယှဉ်ပြိုင်ဖို့ ဆိုပြီး စာရင်းပေးသူ ပေါင်းဟာ သိသိ သာသာ တိုးများလာခဲ့ ပါတယ်။

ဘော့စတွန် တိုက်ခိုက်မှု အပြီး နောက်တနေ့ မှာပဲ မက်ဒရစ် မာရသွန် အတွက် စာရင်းပေးသူ ၄ ဆ တိုးသွားတယ်လို့ ပွဲကျင်းပရေး တာဝန်ရှိသူတွေက ပြောပါတယ်။

ဘော်စတွန်မှာ ထိခိုက်သေဆုံးသူတွေ အတွက် မက်ဒရစ် မာရသွန်ပွဲမှာ အထူး ဂုဏ်ပြု ချီးကျူး ဆုတောင်းပွဲ ကျင်းပပေးမှာ ဖြစ်ပါတယ်။

အခုလို မက်ဒရစ်ပွဲ အတွက် စာရင်းပေးသူ များလာတဲ့ အတွက် မက်ဒရစ် အနေနဲ့ ဘော်စတွန် အတွက် အကောင်းဆုံး ချီးကျူး ဂုဏ်ပြုပေးနိုင်မှာ ဖြစ်တယ် လို့ စပိန်အိုလံပစ် ကော်မတီ ဥက္ကဌ က ပြောပါတယ်။
BBC Burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

No comments :

Post a Comment

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ