Powered by Blogger.

About

ကျောင်းသားသမဂ္ဂ အတွင်းရေးမှူး ကိုရဲမင်းဦး ရုံးထုတ်စစ်ဆေး

မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီနဲ့ မယဉ်ပါးသေးကြောင်း၊ ဒီမိုကရေစီကို သွားဖို့ မီဒီယာလွတ်လပ်ခွင့်ပေးရမယ် ဖြစ်ကြောင်း တရားရုံး ၃ ရုံးမှာ တရားစွဲခံထားရတဲ့ ကျောင်းသားသမဂ္ဂ အဖွဲ့ချုပ် ဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး ကိုရဲမင်းဦးက ပြောပါတယ်။

ဧပြီ ၂၂ ရက် ဗဟန်းတရားရုံးကို ရုံးထုတ်စစ်ဆေးစဉ် တရားရုံးအတွင်းကို မီဒီယာ တွေ အပါအ၀င် သာမန်ပြည်သူလူထုကို ၀င်ရောက်ကြားနာခွင့် မပေးတဲ့အပေါ်မှာ ပြောဆိုလိုက်တာ ဖြစ်ပါ တယ်။

မီဒီယာတွေနဲ့ ပြည်သူတွေကို ၀င်ခွင့်မပေးတဲ့အတွက် တရားရုံးပြင်ပမှာ လုံခြုံရေးရဲ တချို့နဲ့ သံဃာတော် တချို့ အခြေအတင် အငြင်းပွားခဲ့ကြပါတယ်။

ကိုရဲမင်းဦးဟာ ကျောက်တံတား တရားရုံး၊ ဗဟန်းတရားရုံး နဲ့ သာကေတမြို့နယ် တရားရုံးတွေမှာ နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားအောင် လုပ်မှု ပုဒ်မ ၅၀၅ (ခ)၊ ပုဒ်မ ၁၅၄ တို့နဲ့ တရားစွဲခံထားရသူ ဖြစ်ပါတယ်။
DVB TV News

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

No comments :

Post a Comment

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ