Powered by Blogger.

About

ပြည်မြို့ နာရီဆိုင်တွင် လူတစ်ဦး သေဆုံး

ပြည်၊ဧပြီ ၂၂။
ပြည်မြို့ မြို့လယ်ခေါင်၊ လမ်မတော်လမ်းမရှိ အောင်ပိုင်ဖြိုး နာရီဆိုင်ပိုင်ရှင်ဖြစ်သူ ဒေါ်နီနီအောင် အသက်(၅၂)သည် နေအိမ်ရေချိုးခန်းထဲ၌ မျက်နှာဖူးရောင်ဒဏ်ရာများနှင့် လဲကျသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း  ပြည်မြို့ အမှတ်(၂)ရဲစခန်းမှ ဒုရဲအုပ် လှိုင်မိုးဝေက ပြောကြားသည်။

“ကျွန်တော်တို့ဆီ ည(၁၀)နာရီက ဖုန်းဝင်လာတယ်။ အခင်းဖြစ်တဲ့နေရာ ဘယ်သူမှမ၀င်ရဲဘူး။ အရှေ့တံခါးက၀င်တယ်။ ပစ္စည်းတွေ ပွလံကျဲနေတယ်။ နေရာတစ်ကွက် ဖရိုဖရဲဖြစ်နေတယ်။ ရေချိုးခန်းတံခါးကို ဆွဲဖွင့်လိုက်တော့  ရေချိုးခန်းတံခါးကို ဆွဲဖွင့်လိုက်တော့အလောင်းကိုတွေ့ရတော့တာပဲ”ဟု ၎င်းက ပြောကြားသည်။

ဆိုင်ရှိ ပစ္စည်းများအနည်းငယ် ပျောက်ဆုံးနေသည်ဟု ယူဆရကြောင်း၊ သေဆုံးသူ၏ အစ်မဖြစ်သူက စာရင်းများပြုစုနေပြီ ဖြစ်ကြောင်း၊ သေဆုံးသူ၏ သားဖြစ်သူကို မေးမြန်း၍ မရသေးကြောင်း မြို့မရဲစခန်းမှ သိရသည်။

အမှုကို ပ-၂၉၁/၂၀၁၃ ပုဒ်မ၃၀၂ဖြင့် အရေးယူဆောင်ရွက်ထားပြီး စခန်းမှူးဒုရဲမှူး ဦးဝင်းခိုင်မှ တာဝန်ယူစစ် ဆေးဆောင်ရွက်လျက် ရှိကြောင်း မြို့မရဲစခန်းမှ သိရသည်။
ကိုရေခဲ(ပြည်)
The Myanma Age

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

No comments :

Post a Comment

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ