Powered by Blogger.

About

ရခိုင်ပြည်နယ်က ဒုက္ခသည်တွေအတွက် ရန်ပုံငွေနည်းနေပြီလို့ UNHCR ပြော

ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတွေမှာရှိနေတဲ့ ရိုဟင်ဂျာ မူဆလင်တွေအတွက် မိုးတွင်းကာလမှာ အန္တရာယ်တွေကြုံနိုင်သလို ကူညီထောက်ပံ့ဖို့အတွက်လည်း ရန်ပုံငွေအတော်နည်းနေပြီလို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က မနေ့ကပြောလိုက်ပါတယ်။ အဲဒီဒေသမှာ လူမှုဒုက္ခကပ်ဘေးတွေ ဆိုက်လာနိုင်တယ်လို့ UNHCR ပြောခွင့်ရပုဂ္ဂိုလ် အေဒရီယန် အက်ဒ်ဝပ်စ်(Adrian Edwards)က သတင်းထောက်တွေကို ပြောပါတယ်။

တချို့စခန်းတွေဆိုရင် ဒီရေရောက်နိုင်တဲ့ နေရာတွေမှာဖြစ်သလို၊ တချို့စခန်းတွေက လယ်ကွင်းတွေမှာဖြစ်တဲ့အတွက် ရေလွှမ်းနိုင်တဲ့ အခြေအနေတွေဖြစ်တယ်လို့ ဆိုပါတယ်။ လူအများစုဟာ တာပေါ်လင်ဖျင်နဲ့ဆောက်ထားတဲ့ တဲတွေမှာနေရသလို၊ တချို့ကဂုဏ်နီအိပ်တွေ၊ ကောက်ရိုးတွေကာပြီး ဆောက်ထားတဲ့တဲတွေနဲ့ နေထိုင်ရတာဖြစ်လို့ မိုးကြီးတာနဲ့အမျှ အဲဒီလူတွေအတွက် အန္တရာယ်ရှိတယ်လို့ပြောပါတယ်။

UNHCR အနေနဲ့ ဝါးဓနိနဲ့ဆောက်တဲ့ အိမ်ပေါင်း ၁ သောင်းခွဲလောက် ဆောက်လုပ်ပေးထားသလို၊ လူ ၃ သောင်းလောက်အတွက် ယာယီတဲတွေဖြန့်ဖြူးထားပေမယ့် ရန်ပုံငွေကုန်ခါနီးဖြစ်နေပြီလို့ဆိုပါတယ်။ အလှူရှင်နိုင်ငံတွေဆီကနေ အမေရိကန်ဒေါ်လာ ၇၁ သန်းခွဲလောက် တောင်းဆိုထားပေမယ့်၊ တကယ့်လက်တွေ့မှာ ၁၄ ရာခိုင်နှုန်းလောက်ပဲ လက်ခံရရှိတယ်လို့ပြောပါတယ်။
RFA Burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

No comments :

Post a Comment

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ