ရန်ကုန်၊ ဧပြီ ၂၃
ပြည်ထောင်စုအစိုးရ၏ ချုပ်ကိုင်မှုများ လျှော့ချ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ လုပ်ပိုင်ခွင့်များကို အခြေခံဥပဒေ အရ ဖြေလျှော့မှုများ ပြုလုပ်လျက်ရှိသော ဦးသိန်းစိန်ဦးဆောင်သည့် အရပ်သား အစိုးရသည် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့ကို သစ်အမျိုးအစား ၁၀၄ မျိုးနှင့်
ပတ်သက်သည့် အခွန်များ ကောက်ခံခွင့်ပြုမည်ဖြစ်ကြောင်း နိုင်ငံပိုင် မီဒီယာများမှ တစ်ဆင့် ထုတ်ပြန်ကြေညာသည်။
ဧပြီလ ၁ ရက်နေ့မှ စတင်ကာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ အခွန်ကောက်ခံခွင့် ရသည့် သစ်၁၀၄ မျိုးတွင် ကျွန်းသစ်နှင့် အခြားသစ်မာ ၅၉ မျိုး ပါဝင်မည်မဟုတ်ဘဲ ယင်းသစ်မာမျိုးများ အတွက်ကိုမူ ပြည်ထောင်စုအစိုးရက ဆက်လက် ကောက်ခံသွားမည် ဖြစ်ကြောင်း ယင်းကြေညာချက် များအရ သိရသည်။
"ဒီလို သစ်နဲ့ပတ်သက်ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေကို အခွန် ကောက်ခံခွင့် ပေးတာဟာ လုပ်ပိုင်ခွင့်အာဏာ ခွဲပေးတာပဲ။ တိုင်းရင်းသားပြည်နယ်တွေ အတွက် ရှေ့တစ်လှမ်းတိုး ဆောင်ရွက်တာ လည်း ဖြစ်တယ်" ဟု အစိုးရအုပ်ချုပ်မှု စနစ်များနှင့် ပတ်သက်၍ သုတေသန ပြုလုပ်နေသူ တစ်ဦးကဆိုသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့၌ သယံဇာတ ထုတ်ယူရာတွင် တိုင်းရင်းသား ခေါင်းဆောင်များ၊ ပြည်နယ်အစိုးရများ နှင့် တိုင်းရင်းသားနိုင်ငံရေး ပါတီများ၏ သဘောတူညီချက် ရရှိမှ ခွင့်ပြုတော့မည်
ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောကြားသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ၂၅၄၊ ဇယား(၅)၊ အပိုဒ် (၁၂)အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ အဖွဲ့များက အခွန်အခ ကောက်ခံရမည့် စာရင်းအရ ယင်းသို့ခွင့်ပြုခြင်း ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန က ထုတ်ပြန် ကြေညာသည်။
The Voice Weekly
တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ သစ်နှင့်ပတ်သက်သည့် အခွန် ကောက်ခံခွင့်ပြု
Labels:
ပြည်တွင်းသတင်း
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment