Powered by Blogger.

About

မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ရေး ဒုတိယအကြိမ်စည်းဝေးကျင်းပ

ရန်ကုန် ဧပြီ ၂၂
မြန်မာစာပေဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲလုပ်ငန်းကော်မတီ ဒုတိယအကြိမ်အကြိုညှိနှိုင်းအစည်းအ ဝေးကို ရန်ကုန်မြို့ တော်ဝင်စင်တာ Level 3 တွင် ဧပြီ ၂ဝ ရက် မွန်းလွဲ ၁ နာရီက ကျင်းပခဲ့သည်။

အခမ်းအနားတွင် ဆရာသစ္စာနီ၊ ဆရာကိုတာတို့မှ အလုပ်ရုံဆွေးနွေးပွဲ နှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ပြီး ဆရာဖေမြင့်မှ ဆွေးနွေး မေးမြန်းချက်များအား ပြန်လည်ရှင်း လင်း ဖြေကြားခဲ့သည်။

မြန်မာစာပေဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို မေလ ၁၁ ရက်နေ့တွင် အမျိုးသားကဇာတ်ရုံ၌ ကျင်းပရန်စီစဉ်ထားပြီး စာတမ်းဖတ်ပွဲ နှင့်စာအုပ်ဈေးရောင်းပွဲများပါ ထည့် သွင်းကျင်းပမည်ဖြစ်သည်။
စာတမ်းဖတ်ပွဲတွင် ဆရာဖေမြင့် က မြန်မာစာပေအတွက်သုံးသပ်ချက် စာတမ်း၊ ဆရာမဂျူးက စာပေ အရည် အသွေးကျဆင်းလာခြင်းနှင့် ပြုပြင် ရေး နည်းလမ်းများစာတမ်း၊ ဆရာဦး ထွန်းဦးက မြန်မာစာအုပ်လုပ်ငန်း အ ခြေအနေသုံးသပ်ချက်နှင့်အကြံပြုချက် စာတမ်း၊ ဆရာ မောင်ခင်မင်(ဓနုဖြူ) က မြန်မာစာပေ အရေးအသားကျ ဆင်းလာခြင်းနှင့် မြှင့်တင်ရန်နည်း လမ်းများစာတမ်း၊ ဆရာမောင်ဇေယျာ က စာပေအသိပညာမြှင့်တင်ရေး အ သင်းအဖွဲ့များအကြောင်း စာတမ်း တို့ကို တင်သွင်းဖတ်ကြားကြမည်ဖြစ် ကြောင်း သိရသည်။

အခမ်းအနားတွင် မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ ကို အောင်မြင်စွာကျင်းနိုင်ရေးအတွက် ဆပ်ကော်မတီအသီးသီးမှ ညှိနှိုင်းဆွေး နွေးခဲ့ကြပြီး တက်ရောက်လာသူများမှ လည်း မိမိတို့၏ အမြင်များကို လွတ် လပ်ပွင့်လင်းစွာ ဝင်ရောက်ဆွေးနွေး ခဲ့ကြသည်။
UTA
Popular Myanmar News Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

No comments :

Post a Comment

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ