Powered by Blogger.

About

ငပလီမြေသိမ်းမှု ဆိုင်ရာကို တင်ပြမည်

ရခိုင်ပြည်နယ် ငပလီကမ်းခြေမှာ စစ်တပ်တိုးချဲ့ဖို့အတွက်ဆိုပြီး သိမ်းယူသွားခဲ့တဲ့မြေတွေကို ဟိုတယ်ဇုံလုပ်ငန်းကို ပြန်လည်ငှားရမ်းလိုက်တဲ့အတွက် အသိမ်းခံမြေတွေ ပြန်လည်ရရှိရေး ဆောင်ရွက်နေတယ်လို့ နာရေးကူညီမူ အသင်းဥက္ကဌ ဦးကျော်သူက ပြောပါတယ်။

ငပလီကမ်းခြေမှာ မိမိပိုင် တစ်ဧကအကျယ်ရှိတဲ့ မြေကွက်အပါအဝင် တခြားသူတွေပိုင်ဆိုင်တဲ့ မြေကွက်တွေကို ၂ဝဝဝ ပြည့်နှစ်က နယ်မြေခံတပ်မ ၅၅ တိုးချဲ့ဖို့ဆိုပြီး သိမ်းယူသွားခဲ့တာဖြစ်တယ်လို့ ဦးကျော်သူက ပြောပါတယ်။ မူလမြေကွက်အကျယ်အဝန်း ဘယ်လောက်ပဲရှိရှိ ပေ ၄၀xပေ ၆ဝ မြေကွက်တစ်ကွက်သာ အစားပြန်ပေးပြီး၊ မူလမြေအကျယ် တစ်ဧကအတွက် ကျပ်ငွေ ၇ဝဝဝ ကျော်ပဲ ပေးတယ်လို့ဆိုပါတယ်။

မြေတွေသိမ်းယူခဲ့စဉ်က ၂ဝဝဝခုနှစ် ဇူလိုင် ၂၅ ရက်နေ့မှာ သိမ်းဆည်းကြောင်း ကြေညာချက်ထုတ်ပြီး ၃၁ ရက်နေ့မှာ ပိုင်ရှင်တွေစိုက်ပျိုးဆောက်လုပ်ထားတဲ့ အုန်းခြံ၊ ဘန်ဂလိုစတာတွေ ဖျက်ပေးခဲ့ရတယ်လို့ဆိုပါတယ်။ မြေသိမ်းခံရသူတွေထဲမှာ NLD ပါတီနာယက ဦးတင်ဦး၊ ၀န်ကြိီးချုပ်ဟောင်းဦးနုရဲ့ သမီး ဒေါ်သန်းသန်းနု၊

ရုပ်ရှင်သရုပ်ဆောင်နဲ့ နာရေးကူညီမှုအသင်း ဥက္ကဌ ဦးကျော်သူ၊ ကျူရှင်ဆရာကြီး နေအုပ်(စိန်ပေါလ်)စတဲ့ ထင်ရှားတဲ့ပုဂ္ဂိုလ်တွေရဲ့ မြေကွက်တွေအပါအဝင် ဒေသခံတွေရဲ့မြေကွက် စုစုပေါင်း ၃၅ ဧကနီးပါး အသိမ်းခံခဲ့ရကြောင်းသိရပါတယ်။

အသိမ်းခံမြေများပြန်ရရေးနဲ့ တန်ရာတန်ဖိုး ရရှိရေးအတွက် မြေသိမ်းခံရသူတွေစုပေါင်းပြီး သက်ဆိုင်ရာကိုတင်ပြဖို့ စီစဉ်နေတယ်လို့ ဦးကျော်သူက ပြောပါတယ်။
RFA Burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

No comments :

Post a Comment

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ