Powered by Blogger.

About

ဆိုင်ကယ်ဖြင့်ဝင်ရောက်တိုက်မိ၍ ၁ ဦးသေ ၁ ဦးဒဏ်ရာရ

နေပြည်တော်၊ ဧပြီ ၁၆
၁၅-၄-၂၀၁၃ ရက်နေ့ ၁၀၄၅ အချိန် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ရေကမိုးကျေးရွာအနီး၊ တံတားဦးမြို့သာကားလမ်းတွင် အရှေ့မှအနောက်သို့ တံတားဦးမြို့နယ်၊ ထနောင်းကိုင်းကျေးရွာနေ ဇော်ခိုင်(၂၃)နှစ် စီးနင်းပြီး အစ်ကိုဖြစ်သူ ဇော်နိုင်(၂၅)နှစ် လိုက်ပါလာသည်။

ထိုဆိုင်ကယ်သည် အရှိန်လွန်ပြီးလမ်းပေါ်တွင်ရေကစားနေသည့် ၎င်းရွာနေ မဇာခြည်လင်း(၁၈)နှစ်အား ၀င်ရောက်တိုက်မိရာ ဇော်ခိုင်တွင် ဦးခေါင်းနောက်စေ့ပေါက်ပြဲဒဏ်ရာ ရရှိပြီး အခင်းဖြစ်နေရာတွင်သေဆုံးခဲ့သည့်အပြင် မဇာခြည်လင်းတွင် ၀ဲဂျိုစောင်းဖူးရောင်၊ ၀ဲခြေသလုံး ပေါက်ပြဲဒဏ်ရာများရရှိခဲ့၍ တံတားဦးဆေးရုံသို့ တင်ပို့ကုသကာ ဇော်ခိုင်အား တံတားဦးရဲစခန်းယာဉ်(ပ)၉/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈ဖြင့် အမှုဖွင်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

No comments :

Post a Comment

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ