Powered by Blogger.

About

မွန်တိုင်းရင်းသား စာပေကို လာမယ့် ၂၀၁၃-၁၄ စာသင်နှစ်မှာ စသင်မယ်

လာမယ့် ၂၀၁၃-၁၄ စာသင်နှစ်ကစပြီး မွန်တိုင်းရင်းသား စာပေကို မွန်ပြည်နယ်အတွင်းက စာသင်ကျောင်းတွေမှာ ကျောင်းချိန်ပြင်ပ ဘာသာရပ်တစ်ခုအနေနဲ့ စသင်မယ်လို့ မွန်ပြည်နယ် အစိုးရလူမှုရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး ဒေါက်တာမင်းနွယ်စိုးက ဒီဗွီဘီ ကိုပြောပါတယ်။

ခုလို မွန်စာကိုကျောင်းချိန်ပြင်ပမှာ သင်ကြားဖို့ ပြည်ထောင်စု အစိုးရက ခွင့်ပြုထားပြီးဖြစ်သလို ပထမတန်းနဲ့ ဒုတိယ တန်း မွန်စာပေသင်ရိုးညွှန်းတန်းတွေကိုလည်း ဗဟို အစိုးရဆီ ပို့ထားပြီးပြီလို့ သူက
ရှင်းပြပါတယ်။ မွန်စာပေကို ပုံမှန်စာသင်ချိန် အတွင်းသင်ကြားခွင့်ရဖို့ကိုတော့ ပြည်ထောင်စုအဆင့် လွှတ်တော်မှာ တင်သွင်းဆုံးဖြတ်ပြီးတဲ့ အချိန်ကျမှသာ အကောင်အထည်ဖော်နိုင်မယ်လို့ သူက ပြောပါတယ်။
DVB TV News

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

No comments :

Post a Comment

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ