Powered by Blogger.

About

အ၀လွန်ခြင်းကို လျော့ပါးစေမည့် အပ်စိုက်ကုထုံး

စိတ်ပိုင်းဆိုင်ရာအခြေအနေနှင့် သက်ဆိုင်သော အပ်စိုက်ကုထုံးတစ်မျိုးသည် အစားအစာကို အလွန် အကျူး စားသုံးခြင်းကိုလျော့ပါးစေပြီး ၀ိတ်ကျစေကြောင်းသုတေသနတစ်ရပ်တွင်ဖော်ပြထားသည်။

ယခုသုတေသနကို University of Bond က ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သုတေသီ Dr. Peta Stapleto ကအပ်ငယ်လေးများကို အသုံးပြုပြီး ကိုယ်အလေးချိန် လျော့ကျစေခြင်းမှာ ဖိအားပွိုင့်နေရာ များကိုအပ်စိုက်ပေးခြင်းဖြစ်ကြောင်း၊ အဆိုပါအပ်စိုက်ကုထုံးကို Emotional Freedom Techniques ဟုခေါ်ဆိုကြောင်း၊ ဖိအားပွိုင့်များကို အပ်စိုက်နေချိန်တွင်စိတ်ကို တည်ငြိမ် စွာစုစည်းထားရပြီး စိတ်တိုနေချိန်ပြု လုပ်၍မရကြောင်း၊ စိတ်ခံစားမှုနှင့်ပိုဆိုင်ပြီး ဇီဝကမ္မဆိုင်ရာဖြစ်စဉ်များ နှင့်မပတ်သက်ကြောင်း၊ လက်ရှိ သုံးစွဲနေသော ကိုယ်အလေးချိန်လျှော့ချသည့် အစီအစဉ်များသည် စိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှုကို အခြေမခံဘဲ အစားအစာကို ချုပ်တီးလိုစိတ်ကိုသာ အားပေးနေကြောင်း၊ ယခုကုသနည်းသည် အ၀လွန်သူပေါင်း ၄၀ကျော်ကို ၂ကီလိုဂရမ်ကို ကျဆင်းစေသည်ကို သက်သေပြနိုင်ခဲ့ကြောင်းရှင်းပြခဲ့သည်။

အပ်စိုက်ကုထုံးကိုခံယူရချိန်မှာ တစ်နှစ်ဖြစ်ပြီး ကုသမှုအပြီးတွင် ပါဝင်သူများသည် အစားအစာကို ချင့်ချိန်စားသောက်ပြီး အလွန်အကျွံစားသုံးမှု လုံးဝမရှိတော့ကြောင်း၊ ယခုနည်းပညာသည် ကိုယ်အလေးချိန် လျှော့ချမှုအပြင် စိတ်ဖိစီးမှုလျှော့ချခြင်း၊ ဆေးလိပ်ဖြတ်ခြင်းများတွင်ပါ အသုံးပြုနိုင်ကြောင်း ရှင်းပြထားသည်။

ပါဝင်သူများသည် အသက်၁၈နှစ်အထက် ရှိသူများဖြစ်ပြီး ကိုယ်အလေးချိန်အညွှန်းကိန်း(BMI) ၂၅အထက်ရှိသူများဖြစ်ပြီး အစားအစာကို အလွန်အကျွံစားသုံးသူများဖြစ်ကြောင်း ဖော်ပြထားသည်။
ငြိမ်းအေး
Ref: ANI
Health Updates Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

No comments :

Post a Comment

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ