Powered by Blogger.

About

ဘော်စတွန်မြို့ အခြေအနေ ပုံမှန် ပြန်ရောက်

အမေရိကန် ရဲတပ်ဖွဲ့ သမိုင်းမှာ အကြီး ကျယ်ဆုံးသော လူ လိုက်လံ ဖမ်းဆီး တဲ့ ဖြစ်ရပ် တခု အပြီး၊ ဘော့စတွန်မြို့ဟာ ပုံမှန် အတိုင်း ပြန်ဖြစ်လာပြီ ဖြစ်ပါတယ်။

တနင်္လာနေ့ ဘော်စတွန် မာရသွန်ပွဲမှာ ဗုံးဖေါ်က်ခွဲသူလို့ သံသယ ရှိသူ တဦးဖြစ် တဲ့ အသက် ၁၉ နှစ်အရွယ် ဂျို့ဟာ့ ဆာနိုင်ရက်ဖ် ကို မနေ့ ညက ရဲတပ်ဖွဲ့က ဖမ်းဆီးမိလိုက်ပါတယ်။

ချက်ချင်ညာ လူမျိုးဖြစ်တဲ့ ဒီ ဆယ်ကျော်သက် အရွယ် လူငယ်ဟာ ပန်းခြံ တခုရဲ့ အနောက်က လှေထဲမှာ ဝင်ပုံးနေတာဖြစ်ပြီး၊ ရဲနဲ့ အပြန် အလှန်ဖြစ်ခဲ့ပြီးတဲ့နောက်မှာ သူ့ကို ဖမ်ဆီးမိလိုက်တာပါ။

ဒီလူငယ်ဟာ ကျည်ဆံ ဒဏ်ရာ အပြင်း အထန် ရရှိသွားတဲ့ အတွက် အခြေ အနေဆိုးဝါး နေပေမယ့် အသက်အန္တရာယ် တော့ မရှိဘူးလို့ ဆိုပါတယ်။ ဂျို့ဟာ့ ဆာနိုင်ရက်ဖ်ဟာ ဒဏ်ရာတွေကနေ ပြန်သက်သာလာမှာ ဖြစ်တဲ့အတွက် သူ့ကို စစ်ဆေးမေးမြန်းနိုင်မှာ ဖြစ်တယ်ဆိုပြီး အရာရှိနေတွေက မျှော်လင့်နေကြပါတယ်။
BBC Burmese


 

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

No comments :

Post a Comment

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ