Powered by Blogger.

About

ချုပ်နှောင်ထားစဉ် ရိုက်နှက်မှုကြောင့်သေဆုံး


နေပြည်တော်၊ ဧပြီ ၁၅
၁၃-၄-၂၀၁၃ ရက်နေ့ ၂၁၀၀ အချိန် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးရဲစခန်းရှိတပ်ဖွဲ့ဝင်များအား အမှတ်(၄)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလှဌေးမှ အရက်မူး ရမ်းကားနေသူ ၁ ဦးအား ၁၄၀၀ အချိန်တွင် ခေါ်ယူထိန်းသိမ်းပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အနောက်ဘက်အခန်းရှိ ခြောက်ပေါက်ထဲ၌ချုပ်နှောင်ထားစဉ် အခြေအနေမကောင်းသဖြင့် လာရောက် ကြည့်ရှုရန်အကြောင်းကြားခဲ့သောကြောင့် သွားရောက်ကြည်ရှုစစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးခဲ့ရာ ချုပ်နှောင်ထားသူမှာ ကျိုက်မရောမြို့နယ်၊ လှကသာကျေးရွာနေ လှဝေ(၃၅)နှစ်ဖြစ်ပြီး ဦးခေါင်းငယ်ထိပ် ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ယာပါးပွန်းပဲ့ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ရင်ညွန့်နှင့်ကျောပြင်တို့တွင်ညိုမဲ ဒဏ်ရာများရရှိကာ ပက်လက်အနေအထားဖြင့်သေဆုံးနေကြောင်း စစ်ဆေးတွေ့ရှိရသည်။

သို့ဖြစ်၍ အလောင်းအား ဘုရားသုံးဆူဆေးရုံသို့ပို့ဆောင်ခဲ့ပြီး စစ်ဆေးချက်အရ ဘုရားသုံးဆူမြို့၊ (၄)ရပ်ကွက်နေသူများဖြစ်သည့် ဦးတင်ထွန်း(၅၈)နှစ် နှင့် ဦးမြင့်အောင်(၄၈)နှစ်တို့ ၂ ဦးက ရိုက်နှက်ခဲ့သဖြင့်သေဆုံးခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ဦးတင်ထွန်းနှင့်ဦးမြင့်အောင်တို့ ၂ ဦးအား ဘုရားသုံးဆူရဲစခန်း(ပ)၄/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
 ရဲဇာနည်

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

No comments :

Post a Comment

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ