Powered by Blogger.

About

အမေရိကန်တို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်လိုလျှင် ပိတ်ဆို့အရေးယူမှုများကို အဆုံးသတ်ရမည်ဟု မြောက်ကိုးရီးယားဆို

ဆိုးလ်၊ မတ် ၁၈။
မြောက်ကိုးရီးယားက တောင်ကိုးရီးယားနိုင်ငံနှင့် အမေရိကန်တို့သည် ပူးတွဲစစ်ရေးလေ့ကျင့်နေမှုများကိုရပ်တန့်ပြီး ကုလသမဂ္ဂ ပိတ်ဆို့အရေး ယူမှုများကို အဆုံးသတ်ပေးပါက ကိုးရီးယားကျွန်းဆွယ်တွင်းရက်သတ္တပတ်များစွာ တင်းမာမှုကို ရပ်တန့်သွားစေမည့် ဆွေးနွေးပွဲတစ်ရပ် ပြု လုပ်မည့်အခြေအနေများကို ယနေ့ ပြောကြားသည်။

“တစ်ကယ်လို့ အမေရိကန်နဲ့ တောင်ကိုးရီးယားဟာ စစ်မှန်တဲ့ စေ့စပ်ဆွေးနွေးပွဲတစ်ရပ်ကို လိုချင်တယ်ဆိုရင်အဲဒီအဆင့်ကို အရင်ဆုံးလုပ် ဆောင်ရပါမယ်” ဟု မြောက်ကိုးရီးယား အမျိုးသားကာကွယ်ရေး ကော်မရှင်ကပြောကြားသည်။

မြောက်ကိုးရီးယား ထိပ်တန်း စစ်တပ်ခေါင်းဆောင်များက မြောက်ကိုးရီးယားနိုင်ငံသည် ဒေသတွင်းသို့နျူကလီးယားလက်နက်များ ယူဆောင် လာသော အမေရိကန်တပ်များ ၎င်းတို့၏ လက်နက်များကို ပြန်လည်ရုတ်သိမ်းလျှင်၎င်းတို့သည်လည်း နျူကလီးယား ပယ်ဖျက်ရေး အစီအစဉ်ကို အကောင်အထည်ဖော် မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံသည် ဆွေးနွေးပွဲများကမ်းလှမ်းခဲ့သော်လည်း မြောက်ကိုးရီးယားတို့နျူကလီးယားစွန့်လွှတ်ရေးကိုသာ ဦးတည်ဆောင်ရွက် ခဲ့သည်။

မြောက်ကိုးရီးယားဘက်ကလည်း  နျူကလီးယားဆက်လက်လုပ်ဆောင်မည့်အစီအစဉ်ကို မည်သည့်အခါမျှစွန့်လွှတ်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

မကြာသေးမီက မြောက်ကိုးရီးယားအရေးအတွက် တောင်ကိုးရီးယားနိုင်ငံကို အလည်လာခဲ့သည့်အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ သည် သံတမန်နည်းကျ အဖြေရှာသည့် နည်းလမ်းကို အလိုရှိကြောင်းအလေးထားပြောဆိုခဲ့သည်။

မြောက်ကိုးရီးယားတို့ရပ်တန့်ရန် တောင်းဆိုထားသည့် တောင်ကိုးရီးယားအမေရိကန်ပူးတွဲစစ်ရေးလေ့ကျင့်မှုသည်
မတ်လအစောပိုင်းတွင် စတင်ခဲ့ပြီး ဧပြီလကုန်အထိ ဆက်လက်ပြုလုပ်နေကြမည်ဖြစ်သည်။
Ref:Reuters

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

No comments :

Post a Comment

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ