Powered by Blogger.

About

ဘော့စတွန် ဗုံးခွဲမှု စုံစမ်း

ဗုံးသဲလွန်စ အခင်းဖြစ်ပွားရာမှာ ရှာတွေ့
တနင်္လာနေ့က ဗုံး ၂ လုံးခွဲပြီး တိုက်ခိုက်မှုမှာ သုံးတဲ့ ပစ္စည်းတွေကို ချည်နှောင်ရာမှာ အသုံးပြု ဖွယ်ရှိတဲ့ နိုင်လွန်စ တွေကို အခင်း ဖြစ်ပွား ရာမှာ ဘော့စတွန် ရဲဌာနက စုံစမ်း တွေ့ရှိ ခဲ့ပါတယ်။

ဒီချည်စတွေဟာ ကျောပိုးအိတ်တခုက ယူတာ ဖြစ်နိုင်ပြီး လက်သည်းနဲ့ တခြား ပစ္စည်းတွေလဲ တွေ့ရှိခဲ့ပါတယ်။

ဒီဖောက်ခွဲရေး ပစ္စည်းတွေကို ပေါင်းအိုးတွေကနေ တပ်ဆင် တည်ဆောက် ထားတာ ဖြစ်နိုင်ကြောင်း ရဲက ပြောပါတယ်။

စက္ကန့်ပိုင်းပဲ ခြားပြီး ပေါက်ကွဲမှုတွေ ဘော့စတွန် မာရသွန် ပြေးလမ်း အဆုံးနားမှာ ဖြစ်ပွားခဲ့ပြီး ၈ နှစ်သား ယောကျာ်းလေး တဦး အပါအဝင် လူ ၃ ယောက် သေဆုံးခဲ့ရပါတယ်။ လူ ၁၇ဝ ကျော်လဲ ထိခိုက် ဒဏ်ရာ ရခဲ့ပါတယ်။

သမ္မတ အိုဘားမားကတော့ ဒီတိုက်ခိုက်မှုကို သူရဲဘောကြောင်တဲ့ အကြမ်းဖက်မှုလို့ ရှုတ်ချ ခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် အမေရိကန် ပြည်သူတွေ ကြောက်လန့် မသွားဘဲ ကူညီကယ်ဆယ်ရေးတွေနဲ့ သူတို့ရဲ့ သတ္တိကို ပြသခဲ့ကြကြောင်း မစ္စတာ အိုဘားမားက ဆိုပါတယ်။

ဒီတိုက်ခိုက်မှုရဲ့ လက်သည်ဟာ ပြည်တွင်းကလား ပြည်ပကလား၊ တယောက်ထဲက လုပ်တာလားဆိုတာ မသဲကွဲသေးကြောင်းလဲ သူက ပြောပါတယ်။
BBC Burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

No comments :

Post a Comment

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ