Powered by Blogger.

About

Barcelona 2-0 Real Sociedad


Barcelona 2-0 Real Sociedad

Real Madrid 3-0 Atletico Madrid

Real Madrid 3-0 Atletico Madrid
Real Madrid 3-0 Atletico Madrid

ပျာ်ဘွယ်မြို့သား ဆိုင်းပညာရှင် “ဟိန်းတင့် ”ရဲ့ ဂျာမနီမှာသွားတီးခဲ့တဲ့ လက်သံ

ပျာ်ဘွယ်မြို့သား ဆိုင်းပညာရှင် “ဟိန်းတင့် ”ရဲ့ ဂျာမနီမှာသွားတီးခဲ့တဲ့ လက်သံ
Thura Swe

ဘော်စတွန် ဗုံးခွဲသမား နယူးယောက် သွားဖို့ ပြင်ဆင်ခဲ့

NewYork မြို့တော်ဝန် မိုက်ကယ် ဘလွန်းဘာ့ဂ်

26 ဧပြီလ 2013
အသက်မသေဘဲ ကျန်ရစ်တဲ့ ဘော်စတွန် မာရသွန် ဗုံးခွဲသူ အဖြစ် သင်္ကာမကင်း ဖြစ်ခံရသူက အမေရိကန် ထောက်လှမ်းရေး အဖွဲ့ FBI ကို ပြောရာမှာ သူနဲ့ သူ့အကို တို့ဟာ နယူးယောက်မြို့က Times Square နေရာမှာ နောက်ထပ် ဖောက်ခွဲမှုတွေ ဆက်လုပ်ဖို့ ပြင်ထားတယ်လို့ နယူးယောက် မြို့တော်ဝန် Michael Bloomberg က ပြောပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့တုန်းက သူတို့ ညီအကို နှစ်ယောက်ဟာ ကားတစင်းကို အပိုင်စီးပြီး နယူးယောက်ကို သွားဖို့ ဆုံးဖြတ်ထားတယ်လို့ ဆေးရုံပေါ်မှာ ကုသမှု ခံယူနေရင်း စစ်ဆေး မေးမြန်း သူတွေကို ဂျော်ခါ ဆာနာရက်ဖ်က ပြောခဲ့ကြောင်း မစ္စတာ ဘလွန်းဘာ့ဂ် က ဆိုပါတယ်။

ဒါ့အပြင် သူတို့ဟာ ပိုက်အသုံးပြုပြီး လုပ်ထားတဲ့ ဗုံးငါးလုံးနဲ့ ပေါင်းအိုး သုံးပြီး ထုတ်လုပ်ထားတဲ့ ဗုံးတလုံး စုစုပေါင်း ဗုံး ခြောက်လုံးကို ယူသွားဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။

အဲဒီ ပေါင်းအိုးသုံးလုပ်ထားတဲ့ ဗုံးကြောင့် ဘော်စတွန် မာရသွန် ပေါက်ကွဲမှုမှာ လူသုံးယောက် သေဆုံးပြီး အများအပြား ဒဏ်ရာ ရခဲ့တာ ဖြစ်ပါတယ်။

အပိုင်စီးလာတဲ့ ကားကို ဆီဖြည့်ဖို့ ရပ်နားစဉ်မှာ ကားပိုင်ရှင်က လွတ်မြောက်သွားပြီး ရဲကို အကြောင်းကြားခဲ့တာကြောင့် သူတို့ အစီအစဉ် ပျက်ပြား သွားခဲ့ရတယ်လို့ ဆိုပါတယ်။
BBC Burmese

မဟာအောင်ဆန်း(သို့မဟုတ်)မြန်မာပြည်ကကြယ်နီ

April 25, 2013
သမိုင်းဆိုတာ ဟောင်းလေတန်ဖိုး ကြီးလေပါပဲ။ နိုင်ငံတစ်နိုင်ငံပဲဖြစ်ဖြစ်၊ လူ ပုဂိ္ဂုလ်တစ်ဦးတစ်ယောက်ပဲဖြစ်ဖြစ် အချိန် ကြာလာတာနဲ့အမျှ သမိုင်းတန်ဖိုးမြင့် တက်လာတတ်ပါတယ်။ ကုန်ကုန်ပြောရ ရင် အိုးခြမ်းပဲ့လေးတစ်ခုကတောင် သူ့ သမိုင်းနဲ့သူရှိနေတတ်တယ်။

အိုးခြမ်းပဲ့ဆိုပြီး တန်ဖိုးမဲ့လိမ့်မယ် မထင်လိုက်ပါနဲ့။ သူ့မှာ ဖွဲ့တည်နေတဲ့ အချိန်ကာအလျှောက် သူ့ခေတ်သူ့ကာလ က လူနေမှုစနစ်ကို ပြောပြနေတယ်။ သာမာန်လူတွေနားမလည်နိုင်ပေမဲ့ သမိုင်း ပညာရှင်တွေကတော့ အိုးခြမ်းပဲ့ကပြော တဲ့ သမိုင်းကိုနားလည်နေကြတယ်။

အိုးခြမ်းပဲ့မှာပါဝင်နေတဲ့ ရွှံ့မြေအမျိုး အစား၊ သူ့မှာ ကပ်ငြိနေတဲ့ နွယ်၊ မြက်၊ သစ်ရွက်၊ သူ့ကိုအလှဆင်ထားတဲ့ ပန်းချီ၊ အနုပညာ အားလုံးပေါင်းစပ်ကြည့်လိုက် ရင် သမိုင်းမှတ်တမ်းတစ်စောင်ရနိုင်တဲ့ အထိ အိုးခြမ်းပဲ့တစ်ခုဟာ သမိုင်းဝင် ပစ္စည်းဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် မို့လည်း ဆရာတင်မိုးပြောခဲ့သလို အလှ ကိုယ်စီရှိကြတာချည်းပါပဲ။

အခုဆိုရင် ရှေးဟောင်းယဉ်ကျေးမှု နယ်မြေဖြစ်တဲ့ ပုဂံအာနန္ဒာဘုရားမှာ နံရံ ဆေးရေးပန်းချီတွေကို ပြန်လည်ဖော်ထုတ် နေပြီ။ နှစ်ပေါင်းများစွာ ချေးညှော်တွေ ကပ်နေတဲ့ နံရံဆေးရေးပန်းချီတွေ၊ ထုံး သုပ်ထားလို့တိမ်မြုပ်ပျောက်ကွယ်နေတဲ့ ပန်းချီတွေကို အိနိ္ဒယနိုင်ငံရဲ့အကူအညီ နဲ့ ပြန်လည်ဖော်ထုတ်နေတာကိုဖြင့် ကျေးဇူးတင်ဂုဏ်ယူဝမ်းမြောက်မိပါတယ်။

နံရံဆေးရေးပန်းချီတွေကလဲ ပုဂံ ခေတ်ရဲ့ လူနေမှုဘ၀ကို အတန်အသင့် ပြောပြနိုင်မယ်ထင်ပါတယ်။ ပုဂံမှာရှိတဲ့ ဂူဘုရားတွေရဲ့ နံရံဆေးရေးပန်းချီတွေဟာ ဖြင့် ပုဂံခေတ်ရဲ့ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှုတွေကို အများကြီး ပြောပြနေတာလေ့လာတွေ့ရှိရပါတယ်။ နှစ်ပေါင်းထောင်ချီကြာမြင့်နေပြီဖြစ်တဲ့ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေဟာ ဖြင့် တန်ဖိုးကြီးမားတဲ့ သမိုင်းအမွေအနှစ် တွေကို ချန်ရစ်ခဲ့တာတော့ အမှန်ပါပဲ။

ဒီလိုပါပဲ မြန်မာ့သမိုင်းမှာ ပထမ မြန်မာနိုင်ငံတော်ကြီးကို တည်ထောင်ခဲ့ တဲ့ အနော်ရထာ၊ ဒုတိယမြန်မာနိုင်ငံ တော်ကြီးကို တည်ထောင်ခဲ့တဲ့ ဘုရင့် နောင်ကျော်ထင်နော်ရထာ၊ တတိယ မြန်မာနိုင်ငံတော်ကြီးကို တည်ထောင်ခဲ့ တဲ့ အလောင်းဘုရား ဦးအောင်ဇေယျ၊ နောက်ဆုံးစတုတ္ထမြန်မာနိုင်ငံတော်ကြီး ကို တည်ထောင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း။

ဗိုလ်ချုပ်အောင်ဆန်းနဲ့ ခေတ်ပြိုင် လုပ်ဖော်ကိုင်ဖက် နိုင်ငံရေးသမားအချို့ ကတော့ ဒီအဆိုကို သဘောတူကောင်း မှ တူကြမှာပါ။ ဒါပေမဲ့လည်း ပြည်သူလူ ထုတစ်ရပ်လုံးရဲ့ရင်ထဲမှာရှိခဲ့တာက ဗိုလ် ချုပ်အောင်ဆန်းပါပဲ။ (၁၈၈၅ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်)နေ့ကတည်းက သူ့ကျွန်ဖြစ်ခဲ့ရတဲ့ မြန်မာနိုင်ငံကို လွတ် လပ်ရေးလမ်းကြောင်းပေါ်တင်ပေးခဲ့တဲ့ သူဟာ ဗိုလ်ချုပ်အောင်ဆန်းပါ။ လွတ် လပ်ရေးမီးရှူးတိုင်ကို ထွန်းညှိပေးခဲ့တဲ့ သူဟာ ဗိုလ်ချုပ်အောင်ဆန်းပါ။ ကျန်တဲ့ သူတွေက လွတ်လပ်ရေးမီးရှူးတိုင်ကို ၀ိုင်း ၀န်းထိန်းသိမ်းရင်း လက်ဆင့်ကမ်းသယ် ယူလာတဲ့သူတွေပဲဖြစ်ပါတယ်။ ဒါကြောင့် မို့လည်း ဗိုလ်ချုပ်အောင်ဆန်းကို စတုတ္ထ မြန်မာနိုင်ငံတော်ကြီး တည်ထောင်ခဲ့တဲ့ သူလို့ ပြည်သူတစ်ရပ်လုံးက ဂုဏ်ပြုခေါ် ဝေါ်ခဲ့တာပါ။
ဗိုလ်ချုပ်အောင်ဆန်း၊ သခင်အောင် ဆန်း၊ ဦးအောင်ဆန်းလို့ခေါ်ဝေါ်နေကြ တာဟာဖြင့် ပြည့်စုံလုံလောက်မှုမရှိဘူး ထင်ပါတယ်။ ကျွန်တော်သဘောပြောရ ရင် ““မဟာအောင်ဆန်း””လို့တောင် ခေါ် လိုက်ချင်တယ်။

ခေါ်လည်းခေါ်ထိုက်မယ်လို့ထင်ပါ တယ်။ ပုဂံခေတ်ကနေ မျက်မှောက်ခေတ် အထိ သူ့လိုယောက်ျားမျိုးဘယ်နှစ်ယောက် ပေါ်ထွန်းခဲ့ဖူးလို့လဲ။ စစ်ရေးအမြင်၊ နိုင်ငံ ရေးအမြင်၊ စီးပွားရေးအမြင်၊ လူတန်းစား အမြင် ဘက်ပေါင်းစုံအမြင်ကျယ်ကျယ် နဲ့ ရှုမြင်သုံးသပ်ခဲ့တဲ့ ခေါင်းဆောင်တစ် ယောက်ပါ။ ပဒေသရာဇ်ခေါင်းဆောင် တွေလို လူမျိုးကြီးဝါဒကျင့်သုံးပြီး နိုင် ထက်စီးနင်းအနိုင်ယူတာမျိုးမလုပ်ခဲ့ဘူး။ အားလုံးတန်းတူအခွင့်အရေးပေးပြီး တိုင်း ရင်းသားစည်းလုံးညီညွတ်ရေးကို ဖော် ဆောင်ပေးခဲ့တယ်။ ဗမာတစ်မျိုးသားလုံး လွတ်လပ်ပြီး တိုင်းရင်းသားတွေကတော့ နယ်ချု့လက်အောက်မှာ ကျွန်သားပေါက် ဘ၀ရောက်နေမှာကို မလိုလားဘူး။ ဗမာ တစ်ကျပ်၊ ရှမ်းတစ်ကျပ်၊ ကချင်တစ်ကျပ်၊ မွန်တစ်ကျပ်၊ ကရင်တစ်ကျပ်၊ ရခိုင်တစ် ကျပ်၊ အားလုံးအေးတူပူအမျှ သာယာဝ ပြောတဲ့ မြန်မာနိုင်ငံအဖြစ် အမှန်တကယ် သူမြင်ချင်တယ်။ ဒါကြောင့်မို့လဲ ပင်လုံ စာချုပ်ကို သည်းခံခွင့်လွှတ်နားလည်မှု တွေပေးပြီး ညီညွတ်ရေးစာချုပ် ချုပ်ဆို နိုင်အောင် သူကြိုးပမ်းခဲ့တယ်။ သူကွယ် လွန်ပြီးကာမှ နိုင်ငံတော်ဝါးအစည်းပြေ သွားတာဟာ သူ့ရဲ့ပယောဂမဟုတ်တော့ ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းကတော့ သူ့ရဲ့နောက်ဆုံးထွက်သက်အထိ နိုင်ငံ တော်ရဲ့သမိုင်းပေးတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်သွားခဲ့တဲ့သူပါ။ ဒါကြောင့်မို့ လဲ ဗိုလ်ချုပ်အောင်ဆန်းကို ကျွန်တော်တို့ ရဲ့ ကြီးမြတ်သော ခေါင်းဆောင်ကြီးအဖြစ် ““မဟာအောင်ဆန်း””ရယ်လို့ ဂုဏ်ပြုခေါ် ဝေါ်လိုက်ချင်တာပါ။

အဲဒီမဟာအောင်ဆန်းဆိုတဲ့ လူ တစ်ယောက် ကျွန်တော်တို့ချောက်မြို့ကို ရေက်လာခဲ့ဖူးတယ်။ သူနဲ့ပတ်သက်တဲ့ သမိုင်းတစ်ခုဟာဖြင့် ပြောစမှတ်ဖြစ်ပြီး ကျန်ရစ်စေချင်သလို နောင်လာနောင် သားတွေလည်း အတုယူစေချင်တယ်။ ဒီ သမိုင်းတစ်ကွက်ကိုလဲ အသက်(၈၀) ကျော်နေပြီဖြစ်တဲ့ အဘဦးဝင်းမောင်ဆီ က ကြားခဲ့ရလို့ မှတ်တမ်းတင်လိုက်ရတာ ပါ။ မြန်မာနိုင်ငံမှာ သခင်အရေအတွက် တွေ လျော့နည်းလို့လာပါပြီ။ မြန်မာနိုင်ငံ ရဲ့လွတ်လပ်ရေးသမိုင်းဟာ သခင်တွေ မပါရင် မပြည့်စုံပါဘူး။ မြန်မာ့လွတ်လပ် ရေးနဲ့ သခင်တွေရဲ့ အခန်းကဏ္ဍဟာ ဒင်္ဂါးတစ်ပြားရဲ့ခေါင်းနဲ့ ပန်းလိုခွဲခြားပစ် လို့မရပါဘူး။ သခင်တွေရဲ့ လွတ်လပ်ရေး ကြိုပမ်းမှု အတိုင်းအတာတစ်ခုကြောင့် မြန်မာလွတ်လပ်ရေးရတာပါလို့ပြောရင် ငြင်းနိုင်မယ်မထင်ပါဘူး။ ဒါကြောင့်မို့လဲ သခင်ဆိုရင် ဦးညွှတ်ဂုဏ်ပြုချင်တော့တာ ပါပဲ။

အဘဦးဝင်းမောင်ပြောပြလို့ သခင် အောင်ဆန်း၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဦး အောင်ဆန်း၊ မဟာအောင်ဆန်းဟာ ချောက်မြို့ကို ၁၉၄၇ ခုနှစ် မတ်လ (၂၃) ရက်နေ့မှာရောက်လာခဲ့ပါတယ်။ ချောက် ကိုမလာခင်ချောက်မြို့ရဲ့ မြောက်ဖက်မှာ ရှိတဲ့ စဥ့်ကူဆိုတဲ့မြို့ကို အရင်သွားပါ တယ်။ စဥ့်ကူမြို့မှာရှိတဲ့ ဦးစံလှ-ဒေါ်ဖြူ လှရဲ့တိုက်မှာ တည်းခိုနားနေပြီး မြို့သူ မြို့သားတွေကို မိန့်ခွန်းပြောပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကို မြို့လူထုက သြ ဘာစာတွေဖတ်ပြီး ကြိုဆိုဂုဏ်ပြုတာကို ဗိုလ်ချုပ်ကမကြိုက်ပါဘူး။ ဒီတော့လည်း ရှင်းရှင်းပဲပြောလိုက်တယ်။ ““သြဘာစာ ဖတ်နေလို့ လွတ်လပ်ရေးမရနိုင်ဘူး အချင်းချင်း ညီညီညွတ်ညွတ်စည်းစည်း လုံးလုံးလုပ်မှ လွတ်လပ်ရေးရနိုင်မယ်လို့ ပြောသွားခဲ့ပါတယ်။””

ခြောက်မြို့က ပြည်သူ့ရဲဘော်တွေ ကလဲ ဗိုလ်ချုပ်အောင်ဆန်းကို စဥ့်ကူမြို့ ထိသွားပြီး ကြိုကြပါတယ်။ အဲဒီတုန်းက ပြည်သူ့ရဲဘော်ဆိုတဲ့သူတွေကတော့ ဗိုလ် မြတ်ကျော်၊ စလေဗိုလ်ဝ၊ သခင်သံခဲ၊ သခင်စံဦး၊ သခင်ခင်မောင်ညို၊ သခင်ခင် မောင်ဖြူတို့ဖြစ်တယ်လို့ သိရပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရဲ့သားတပည့် တွေဖြစ်တဲ့ ပြည်သူ့ရဲဘော်တွေဟာ ချောက်မြို့ကနေပြီး စဥ့်ကူးမြို့အထိ လာ ကြိုနေတာကိုတွေ့ရတော့ ဗိုလ်ချုပ်အောင် ဆန်းက ဒီလိုပြောပါသတဲ့။ ““ငါ့ကို လာ ကြိုစရာလဲမလိုဘူး၊ စောင့်ရှောက်စရာ လည်းမလိုဘူး။ မင်းတို့တကယ်စောင့် ရှောက်ရမှာက ပြည်သူလူထုပဲ””လို့ ပြော ပါသတဲ့။
ဟုတ်ပါတယ်။ လက်နက်ကိုင်အဖွဲ့ အစည်းဆိုတာ ကိုယ့်ခေါင်းဆောင်ကို ကာကွယ်ဖို့ထက် ကိုယ့်နိုင်ငံသားတွေကို ကာကွယ်ဖို့က ပဓာနကျပါတယ်။ တကယ် တော့ နိုင်ငံသားတွေဆိုတာ အားကိုးရာ မဲ့တဲ့သူတွေပါ။ သူတို့ရဲ့ဘ၀ဟာ လုံခြုံ မှုမရှိပါဘူး။ တရားဥပဒေစိုးမိုးရေးနဲ့ တည် ငြိမ်အေးချမ်းနေတဲ့ ကာလမျိုးမှာသာ နိုင်ငံသားတွေရဲ့ လူနေမှုဘ၀က လုံခြုံ တာပါ။ လွတ်လပ်ရေးမရသေးတဲ့ ကြား ကာလမျိုးမှာ လက်နက်ကိုင်သောင်းကျန်း သူတွေရဲ့ ရမ်းကားမှုတွေကြောင့် ပြည်သူ လူထုဟာ ကျီးလန့်စာစားဖြစ်နေကြရ တယ်။ အဲဒီလိုကျီးလန့်စာစား ဘ၀ရောက် နေကြတဲ့ ပြည်သူလူထုကို ပြည်သူ့ရဲ ဘော်တွေအနေနဲ့ စောင့်ရှောက်ရမယ် လို့ ဗိုလ်ချုပ်အောင်ဆန်းက သြ၀ါဒခြွေ သွားခဲ့ခြင်းဖြစ်ပါတယ်။

တကယ်တော့ လက်နက်ကိုင်အဖွဲ့ အစည်းဆိုတာ မီးလိုပါပဲ။ သုံးတတ်ရင် မိတ်ဆွေ၊ မသုံးတတ်ရင် ရန်သူပါပဲ။ နိုင်ငံ တစ်နိုင်ငံမှာ လက်နက်ကိုင်အဖွဲ့အစည်း ဆိုတာ ရှိသင့်ပါတယ်။ သူ့ရဲ့အခန်းကဏ္ဍ ကို ပစ်ပယ်ထားလို့မရပါဘူး။ သူလဲအရေး ပါတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ နိုင်ငံ တော်ရဲ့ လုံခြုံရေး၊ အေးချမ်းသာယာ ရေးဟာ (လက်နက်ကိုင်အဖွဲ့အစည်း)ရဲ့ ခံယူချက်အမြင်ပေါ်မှာ မူတည်နေပါ တယ်။ ဗိုလ်ချုပ်အောင်ဆန်းက ပြည်သူ့ ရဲဘော်တွေကို ပြောခဲ့သလို ပြည်သူလူထု ရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို စောင့် ရှောက်တဲ့အဖွဲ့အစည်းအဖြစ် ရပ်တည် နေသမျှကာလပတ်လုံး ပြည်သူလူထုရဲ့ မေတ္တာကိုရရှိနေကြမှာပဲဖြစ်ပါတယ်။ ပြည်သူလူထုနဲ့ စိတ်သဘောထားချင်းကွဲ တဲ့နေ့ဟာလဲ တိုင်းပြည်ပျက်တဲ့နေ့ပဲဖြစ် ပါလိမ့်မယ်။

ဒီကနေ့ မြန်မာနိုင်ငံတော်ဟာ ဒီမို ကရေစီနိုင်ငံတော်သစ်ပြန်လည်တည် ဆောက်ဖို့အတွက် အရှိန်ယူနေဆဲကာလ ဖြစ်ပါတယ်။ စစ်အစိုးရရဲ့ အုပ်ချုပ်မှု အောက်မှာ နှစ်ပေါင်းများစွာ ခံစားလာ ခဲ့ရတဲ့ စိတ်ဝေဒနာတွေကို ပြန်လည်ကု စားနေကြရတဲ့ ကာလမျိုးပါ။ ရင်ထဲမှာ မွန်းကြပ်နေအောင် ဖိနှိပ်ခံစားလာခဲ့ရတဲ့ ပြည်သူလူထုဟာ ဒီမိုကရေစီ ရေကြည် တစ်ပေါက်သောက်ရဖို့အတွက် ဘယ် လောက်ရုန်းကန်ခဲ့ရတယ်ဆိုတာ အားလုံး အသိပဲဖြစ်ပါလိမ့်မယ်။ ရဟန်းရှင်လူ၊ ပြည်လူ/ပြည်သားတွေနဲ့ အနာဂတ်ရဲ့ မျိုးဆက်သစ်လူငယ်တွေရဲ့ ဘ၀တွေ အများကြီး ရင်းနှီးပေးဆပ်ခဲ့ကြရပါတယ်။  နံနက်ခင်းရဲ့ နေရောင်ခြည်နဲ့ အတူရှင် သန်ကြီးပြင်းကြရမယ့် သားကောင်းရတ နာတွေဟာ အမှောင်လွှမ်းသောကာလ တွေနဲ့ ရင်ဆိုင်ကြုံတွေ့ရလို့ တိုင်းပြည် ချောက်ထဲကျရောက်သွားကြရပြန်ပါ တယ်။ နိုင်ငံအတွက် ပြန်လည်ထူထောင် ရေးမှာ တစ်တပ်တစ်အား ပါဝင်ရမယ့် သူတွေဟာ နိုင်ငံတော်အချုပ်အခြာအာ ဏာတည်တံ့ခိုင်မြဲရေးအတွက် အသက် ပေးစတေးခံလိုက်ကြရတယ်။ ဒီလိုနဲ့ပဲ မြန်မာနိုင်ငံတော်ကြီးဟာ တစ်ကနေပြီး ပြန်စကြရတဲ့ အခြေအနေမျိုးကြုံခဲ့ကြ ရပြန်ပါတယ်။ အခြားနိုင်ငံတွေက ရှေ့ကို ခြေလှမ်း လေး၊ ငါးဆယ်ရောက်နေပေမဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးကဖြင့် အကြိမ်ကြိမ်အခါခါ တစ်ကပြန်စနေရလို့ ခရီးမတွင်နိုင်ဘဲဖြစ်ခဲ့ရပါတယ်။

မျက်မှောက်ခေတ်ကမ္ဘာကြီးရဲ့ တောင်းဆိုချက်နဲ့အတူ ပြည်သူတစ်ရပ် လုံးကလဲ ဒီမိုကရေစီအလင်းရောင်သစ်ကို မြင်တွေ့လိုလှပါပြီ။ ပြည်သူတစ်ရပ်လုံး လျှောက်လှမ်းကြရမယ့် ဒီမိုကရေစီလမ်း မကြီးပေါ်မှာ လက်နက်ကိုင်အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ မြန်မာတပ်မတော်က လက် တွဲညီညီလိုက်ပါနိုင်ကောင်းရဲ့လို့ ခံစားမိ ပါတယ်။ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင်ကလည်း ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဆန္ဒနဲ့တစ်ထပ် တည်းကျတဲ့ မိန့်ခွန်းတစ်ရပ်ကို သူ့ရဲဘော် တွေကို ပြောပြခဲ့ပါတယ်။
တကယ်တော့ စစ်သားကောင်း တစ်ယောက်ဟာ စစ်စည်းကမ်းတွေကို တိတိကျကျ လိုက်နာပြီး လက်နက်အား ကိုး အနိုင်ကျင့်ဗိုလ်ကျစိုးမိုးတာမျိုးတွေ သာ မလုပ်ဘူးဆိုရင် သိကြားမင်းက လက်အုပ်ချီရှိခိုးရမယ့် ယောက်ျားကောင်း၊ ယောက်ျားမြတ်များသာဖြစ်ပါတယ်။ ဒီလိုယောက်ျားကောင်း၊ ယောက်ျားမြတ် တွေ ဖြစ်လာနိုင်အောင်လည်း တပ်မတော် ရဲ့ ဖခင်ကြီးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် တပ်မတော်ခေါင်းဆောင်တွေ ဟာ လေ့ကျင့်ပျိုးထောင်ပေးခဲ့ကြဖူးပါ တယ်။

ဗိုလ်ချုပ်အောင်ဆန်းကတော့ သူ့ရဲ ရဲဘော်တွေကို ပြစ်ပြစ်နှစ်နှစ်ဝေဖန်ပြီးတဲ့ နောက် ချောက်မြို့ကိုရောက်ရှိလာပါ တော့တယ်။ ချောက်မြို့ကိုရောက်တယ် ဆိုရင်ပဲ ရေနံမြေမန်နေဂျာဆိုတဲ့သူတွေ နဲ့ အလိုတော်ရိတွေ၊ မြို့မျက်နှာဖုံးတွေက ဗိုလ်ချုပ်ကို ထမင်းစားပွဲနဲ့ ဧည့်ခံဖျော် ဖြေဖို့ကြိုးစားပါတယ်။ ဒီနေရာမှာ ပို စတာတိုက်ပွဲလေးတစ်ခုဖြစ်သွားတယ်လို့ မှတ်သားရပါတယ်။

ဒီလိုပါ။ ဈေးအနောက်ဖက် ခေတ် သစ်စတိုးပိုင်ရှင် ဦးခင်မောင်ဖြူ၊ ဒေါ်သန်း ရီတို့ရဲ့ ဆိုင်ရှေ့မှာ ““ဗိုလ်ချုပ်၊ အလိုတော် ရိတွေက ဗိုလ်ချုပ်ကို ညာတော့မယ် သတိထားပါ”” ဆိုတဲ့ ပိုစတာကိုကပ်ပြီး တိုက်ပွဲဝင်ခဲ့သတဲ့။ ဗိုလ်ချုပ်အောင်ဆန်း ရဲ့အပါးတော်မြဲ ဗိုလ်ထွန်းလှက ဒီသတင်း ကို ဗိုလ်ချုပ်ကို အသိပေးလိုက်ပါတယ်။ ဗိုလ်ချုပ်လဲ မန်နေဂျာနဲ့ အလိုတော်ရိ တွေရဲ့ ဖိတ်ကြားချက်ကို လက်မခံတော့ ဘဲ (ယခု သာသနာ့ဗိမာန်)ရှိတဲ့ မြေကွက် လပ်မှာရောက်နေကြတဲ့ ချောက်မြို့သူ/ မြို့သားတွေဆီကို တိုက်ရိုက်သါားပြီး မိန့်ခွန်းပြောပါတော့တယ်။ နံနက် (၁၀) နာရီလောက်ရှိပြီလို့ သိရပါတယ်။

အဲဒီလူထုဟောပြောပွဲမှာ ဗိုလ်ချုပ် က ပုံပြင်တစ်ပုဒ်ကို ဥပမာဆောင်ပြီး ပြောသွားတယ်လို့ အဘဦးဝင်းမောင်က ပြောပြပါတယ်။ အဲဒီပုံပြင်ကတော့ ဘုရင် ဖြစ်ဖို့ ကံဇာတာရှိတဲ့သူတစ်ယောက်ကို ရွှေထီးဆောင်းရလိမ့်မယ်လို့ ဗေဒင်က ဟောပေမဲ့ ဘုရင်ဖြစ်ထိုက်လောက်တဲ့ ကြိုးစားအားထုတ်မှုမရှိဘဲ ပေါ့ပေါ့နေ၊ ပေါ့ပေါ့စားမိလို့ နောက်ဆုံးသုသာန်မှာ အားပြတ်ပြီးလဲနေတုန်း ဘုရင်ကသနား လို့ ရွှေထီးဆောင်းပေးလိုက်ရတယ်ဆိုတဲ့ ပုံပြင်ကိုပြောပြီး ချောက်မြို့သူ/မြို့သား တွေလဲ လွတ်လပ်ရေးတော့ရမှာပဲဆိုပြီး ပေါ့ပေါ့နေ၊ ပေါ့ပေါ့စားကြရင်တော့ လွတ်လပ်ရေးမရဘဲ သူ့ကျွန်ဘ၀နဲ့ သေ ကြရလိမ့်မယ်လို့ ပြောခဲ့တယ်ဆိုပဲ။ လူထု ဟောပြောပွဲအပြီးမှာတော့ အမျိုးသမီး ခေါင်းဆောင် သခင်မဒေါ်တင်ရွှေ(ရွာ ဟောင်း)က ဘူးသီးငါးပေါင်းကြော်နဲ့ ဧည့်ခံလိုက်တယ်လို့လဲ ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်အဖြစ် အဘဦးဝင်း မောင်က ပြန်ပြောင်းပြောပြတာကို မှတ် တမ်းတင်ရင်း ဒီမိုကရေစီခရီးလမ်းမှာ အပ္ပမာဒေန သမ္ပာဒေထလို့ပဲ နိုးဆော် လိုက်ပါရစေလားခင်ဗျာ။
သိန်းမြင့်ညို(ချောက်)
The Hot News

George W. Bush ပြတိုက်ဖွင့်လှစ်

George W. Bush ပြတိုက်
25.04.2013
သက်ရှိထင်ရှား အမေရိကန် သမ္မတ ၅ ဦးဟာ ကြာသပတေးနေ့တုန်းက သမ္မတ ဂျော့ဒဗလျူ ဘုရှ် စာကြည့်တိုက်နဲ့ ပြတိုက် ဖွင့်ပွဲ တက်ရောက်ဖို့ တက္ကဆက် ပြည်နယ် Dallas ကို စုဝေး ရောက်ရှိခဲ့ပါတယ်။ ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်မယ်လို့ သံဓိဌာန် ချထားတဲ့ သမ္မတ တိုင်းဟာ ကိုယ့်အကျိုးစီးပွား ထက် နိုင်ငံတာဝန်ကို ပိုပြီး လုပ်ဆောင်ကြရမှာ ဖြစ်တယ်လို့လည်း သမ္မတဟောင်း ဂျော့ဒဗလျူ ဘုရှ်က ပြောဆိုလိုက်ပါတယ်။

အခု အမေရိကန် သမ္မတ ပြတိုက်မှာတော့ ရီပက်ပလီကန် သမ္မတရဲ့ ၈ နှစ်တာ သမ္မတသက်တမ်းအတွင်း တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေကို အသေးစိတ် ပြသထားမှာ ဖြစ်ပါတယ်။ မစ္စတာ ဘုရှ်ဟာ ၂၀၀၁ ခုနှစ်ကနေ ၂၀၀၉ ခုနှစ် အတွင်း တာဝန်ထမ်းဆောင်ခဲ့တဲ့ အမေရိကန်ရဲ့ ၄၃ ယောက်မြောက် သမ္မတ ဖြစ်ပါတယ်။

သူ့ရဲ့ သမ္မတ သက်တမ်း ၂ ခု အတွင်း အမေရိကန် ပြည်ထောင်စုဟာ လူပေါင်း ၃ ထောင်လောက် သေဆုံးခဲ့ရတဲ့ ၂၀၀၁ ခုနှစ် စက်တင်ဘာ အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရပါတယ်။ သူ့လက်ထက်မှာဘဲ အမေရိကန်က အာဖဂန် နစ္စတန်နဲ့ အီရတ် နိုင်င်တွင်းမှာ စစ်ပွဲ စတင်ခဲ့ပြီး ၂၀၀၅ ခုနှစ်မှာ ဟာရီကန်း ကက်ထရီနားလည်း တိုက်ခတ် ဖျက်ဆီးခဲ့ပြန်ပါတယ်။ ၁၉၃၀ ပြည့်လွန်နှစ်တွေ ကတည်းကနေ အကြီးမားဆုံး စီးပွားကျမှုကိုလည်း ကြံ့ကြံ့ခံ ခဲ့ရပါတယ်။

သမ္မတ ဘရက်ခ် အိုဘားမား၊ သမ္မတဟောင်း ဘီလ်ကလင်တန်နဲ့ သမ္မတဟောင်း ဂျင်မီကာတာ တို့ကတော့ သမ္မတဟောင်း ဂျော့ဒဗလျူ ဘုရှ်ရဲ့ အာဖရိက အတွင်း လုပ်ဆောင်ခဲ့မှုတွေ အပေါ်မှာ ချီးကျူးခဲ့ကြပါတယ်။ မစ္စတာ ဘုရှ်ရဲ့ ဆူဒန်နိုင်ငံတွင်းမှာ ငြိမ်းချမ်းရေး သဘောတူ စာချုပ် ရရှိရေး တွန်းအားပေး လုပ်ဆောင်မှုက အစ AIDS နဲ့ ငှက်ဖျား ရောဂါ တိုက်ဖျက်မှုတွေ အတွက် လုပ်ဆောင်ခဲ့တဲ့ အပေါ်မှာ ချီးကျူး ပြောဆိုခဲ့ကြတာပါ။

သမ္မတဟောင်း ဂျော့ HW ဘုရှ်ကတော့ သူ့သားကြီး သမ္မတဟောင်း ဂျော့ဒဘလျူ ဘုရှ်ကို ဂုဏ်ပြု လှုဒါန်းပွဲကို တက်ရောက်ခွင့်ရတဲ့ အတွက်လည်း ကျေးဇူးတင်တဲ့အကြောင်း ပရိတ်သတ်ကို ပြောဆိုခဲ့ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)

ပစ်မှတ်ထဲမှာ NY လည်းပါသေး

ဘော်စတွန်ဗုံးခွဲမှု သံသယရှိသူညီအစ်ကို
25.04.2013
ဘော်စတန်မာရသွန် ဗုံးခွဲမှုနဲ့ ပတ်သက်တဲ့ သံသယရှိသူတွေဟာ နယူးယောက်မြို့ကိုလည်း ပစ်မှတ်ထားခဲ့တာဖြစ်တယ်လို့ နယူးယောက်မြို့တော်ဝန်က ပြောလိုက်ပါတယ်။ အဲဒီလူတွေဟာ နယူးယောက်မြို့က Times Square ကို တိုက်ခိုက်ဖို့အတွက် ရည်မှန်းထားတာလို့ ပြောပါတယ်။

သံသယရှိသူ ၂ ယောက်ထဲက အသက်ရှင်လျှက်ဆက်ပြီး ကျန်ရှိနေတဲ့ ဂျော်ဟား ဆားနားယဗ် (Dzhokhar Tsarnaev) က  သူနဲ့ သူအစ်ကို တမာလန် တို့ဟာ နယူးယောက်မြို့ကို ကားမောင်းသွားပြီး ၊ ဖေါက်ခွဲမှုတွေ ထပ်လုပ်ဖို့ စီစဉ်ထားတယ်လို့ စုံစမ်းစစ်ဆေးသူတွေကို ပြောခဲ့ကြောင်း နယူးယောက်မြို့တော်ဝန် Michael Bloomberg က ကြာသာပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ ဧပြီလ ၁၅ ရက်နေ့က ဘောစတန်ဗုံးပေါက်ကွဲမှုဖြစ်ပြီး ရက်ပိုင်းအတွင်းမှာပဲ တာမာလန်သေဆုံးပြီး၊ ဂျော်ဟားလည်း ဖမ်းဆီးခံရတာကြောင့်၊ နယူးယောက်မြို့မှာ ဖောက်ခွဲမှုတွေ လုပ်မယ့်အစီအစဉ်ဟာ ပျက်သွားခဲ့တာဖြစ်ပါတယ်။

၂၀၀၁ ခုနှစ်တုန်းက အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် လူပေါင်း ၃ ထောင်လောက် သေဆုံးခဲ့တဲ့ နယူးယောက်မြို့ဟာ ပစ်မှတ်အဖြစ် ရှိနေတုန်းပဲလို့ သူက ပြောပါတယ်။ တချိန်တည်းမှာ ဆာနာယဗ်ညီအစ်ကို ၂ ယောက်ဟာ ဒီဗုံးခွဲတိုက်ခိုက်မှုကို လုပ်ခဲ့တာမဟုတ်ဘူးလို့ သူတို့ရဲ့ မိဘတွေက ရုရှားနိုင်ငံမှာ ပြောလိုက်ပြီး ၊ အမေရိကန် အာဏာပိုင်တွေဟာ တာမာလန်ကို မလိုအပ်ဘဲ သတ်ခဲ့တာဖြစ်တယ်လို့ အမေဖြစ်သူက စွပ်စွဲလိုက်ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ